ဒီေန႔ဇန္နဝါရီလ၂၄ ရက္ေန႔အတြက္ ကမာၻ႔ေရႊေစ်းႏႈန္းနဲ႔ ျပည္တြင္းအေခါက္ေရႊေစ်းႏႈန္းေတြကို ေဖာ္ျပေပးပါ့မယ္။
ဒီေန႔မွာေတာ့ ကမာၻ႕ေရႊေစ်းႏႈန္းဟာ တစ္ထရမ္ေအာင္စကို အေမရိကန္ေဒၚလာ 1561.65ေဒၚလာေပါက္ေစ်းရွိေနပါတယ္။
မေန႔ကေစ်းနဲ႕ႏိႈင္းယွဥ္မယ္ဆိုရင္ေတာ့ 1.29ေဒၚလာက်သြားပါတယ္။ၿပီးခဲ့တဲ့ၾကာသပေတးေန႔ကေတာ့ ကမာၻ႔ေရႊေစ်းဟာ တစ္ထရန္ေအာင္စကို အေမရိကန္ေဒၚလာ1567.59ေဒၚလာထိျမင့္တက္ခဲ့ပါတယ္။
တရုတ္ျပည္မွာကူးစက္ေနတဲ့ ဗိုင္းရပ္စ္အေျခအေနဟာ ကမာၻ႕စီးပြားေရးေပၚမွာသက္ေရာက္မႈရွိေနၿပီ
းရင္းႏွီးျမဳပ္ႏွံသူေတြဟာ ေရႊေစ်းကြက္အေပၚကိုျမဳပ္နွံလာတဲ့အတြက္ အခုလိုမ်ိဳးကမာၻ႕ေရႊေစ်းႏႈန္းက အတက္ဖက္ကို ဦးတည္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဒီေန႔ေသာၾကာေန႔မွာေတာ့ WHO ကမာၻ႕က်န္းမာေရးအဖြဲ႔ကေန တရုတ္ႏိုင္ငံမွာကူးစက္ေနတဲ့ဗိုင္းရပ္စ္နဲ႔ပက္သက္ၿပီးေတာ့
က်န္းမာေရးအေရးေပၚျပန္႔ပြားမႈအေျခအေနဟာျပည္တြင္းျပႆနာသာျဖစ္တယ္လို႔သံုးသပ္လိုက္တဲ့အခ်ိန္မွာရင္းႏွီးျမဳပ္ႏွံသူေတြဟာတျခားေသာေစ်းကြက္ဖက္မွာေစာင့္ၾကည့္ၿပီး
ရင္းႏွီးျမဳပ္ႏွံၾကတာေၾကာင့္ဒီေန႔ေရႊေစ်းဟာအနည္းငယ္က်ဆင္းခဲ့တာပဲျဖစ္ပါတယ္။
ျပည္တြင္းေရႊေစ်းႏႈန္းအေနနဲ႔ကေတာ့ဒီေန႔မနက္၉နာရီမွာရရွိထားတဲ့အေခါက္ေရႊတစ္က်ပ္သားေပါက္ေစ်းကေတာ့1218500က်ပ္ေပါက္ေစ်းျဖစ္ပါတယ္။
မေန႔ကေစ်းနဲ႔ႏိႈင္းယွဥ္မယ္ဆိုရင္ေတာ့2500က်ပ္တက္လာခဲ့တာျဖစ္ၿပီးရာခိုင္ႏႈန္းအားျဖင့္0.21%တက္လာတာပဲျဖစ္ပါတယ္။
(Unicode ဖြင့်ဖတ်ရန်)
ဒီနေ့ဇန်နဝါရီလ၂၄ ရက်နေ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ ပြည်တွင်းအခေါက်ရွှေဈေးနှုန်းတွေကို ဖော်ပြပေးပါ့မယ်။
ဒီနေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းဟာ တစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1561.65ဒေါ်လာပေါက်ဈေးရှိနေပါတယ်။
မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 1.29ဒေါ်လာကျသွားပါတယ်။ပြီးခဲ့တဲ့ကြာသပတေးနေ့ကတော့ ကမ္ဘာ့ရွှေဈေးဟာ တစ်ထရန်အောင်စကို အမေရိကန်ဒေါ်လာ1567.59ဒေါ်လာထိမြင့်တက်ခဲ့ပါတယ်။
တရုတ်ပြည်မှာကူးစက်နေတဲ့ ဗိုင်းရပ်စ်အခြေအနေဟာ ကမ္ဘာ့စီးပွားရေးပေါ်မှာသက်ရောက်မှုရှိနေပြီ
းရင်းနှီးမြုပ်နှံသူတွေဟာ ရွှေဈေးကွက်အပေါ်ကိုမြုပ်နှံလာတဲ့အတွက် အခုလိုမျိုးကမ္ဘာ့ရွှေဈေးနှုန်းက အတက်ဖက်ကို ဦးတည်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီနေ့သောကြာနေ့မှာတော့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ တရုတ်နိုင်ငံမှာကူးစက်နေတဲ့ဗိုင်းရပ်စ်နဲ့ပက်သက်ပြီးတော့
ကျန်းမာရေးအရေးပေါ်ပြန့်ပွားမှုအခြေအနေဟာပြည်တွင်းပြဿနာသာဖြစ်တယ်လို့သုံးသပ်လိုက်တဲ့အချိန်မှာရင်းနှီးမြုပ်နှံသူတွေဟာတခြားသောဈေးကွက်ဖက်မှာစောင့်ကြည့်ပြီး
ရင်းနှီးမြုပ်နှံကြတာကြောင့်ဒီနေ့ရွှေဈေးဟာအနည်းငယ်ကျဆင်းခဲ့တာပဲဖြစ်ပါတယ်။
ပြည်တွင်းရွှေဈေးနှုန်းအနေနဲ့ကတော့ဒီနေ့မနက်၉နာရီမှာရရှိထားတဲ့အခေါက်ရွှေတစ်ကျပ်သားပေါက်ဈေးကတော့1218500ကျပ်ပေါက်ဈေးဖြစ်ပါတယ်။
မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့2500ကျပ်တက်လာခဲ့တာဖြစ်ပြီးရာခိုင်နှုန်းအားဖြင့်0.21%တက်လာတာပဲဖြစ်ပါတယ်။
Myanmar Wedding Guide