မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားသော ပြည်ပဘဏ်များအနက် ဘဏ် ၇ ခုကို
preliminary license များ ပေးအပ်လိုက်သည်။ ယင်းပြည်ပဘဏ်များကို အက္ခရာစဉ်အရ ဖော်ပြအပ်ပါသည်။
• Bank of China Hong Kong (Branch License)
• Cathay United Bank (Branch License)
• Industrial Bank of Korea (Subsidiary License)
• KB Koomin Bank (Subsidiary License)
• Korea Development Bank (Branch License)
• Mega International Commercial Bank (Branch License)
• Siam Commercial Bank (Subsidiary License)
preliminary license သက်တမ်းမှာ ၉ လ ဖြစ်ပြီး ယင်းကာအတွင်း တင်ပြထားသည့် စီးပွားရှာအစီအစဉ်အတိုင်း ကောင်းမွန်စွာ လုပ်ကိုင်နိုင်မှသာလျှင်
မြန်မာနိုင်ငံတွင် လုပ်ကိုင်ဖို့ final License ကို ထုတ်ပေးမည် ဖြစ်သည်။
ထို့ပြင် Ayeyarwaddy Farmers Development Bank Limited တွင် ပါဝင်လုပ်ကိုင်ရန် KBank ဟု
အတိုကောက်အားဖြင့် လူသိများသည့် Kasikorn Bank ကို ခွင့်ပြုလိုက်သည်။
<<<Zawgyi>>>