ကျောက်မျက်ရတနာဟုဆိုပြောလိုက်သည်နှင့် အဖိုးတန်ပစ္စည်းဖြစ်ကြောင်း လူတိုင်းသိကြပါသည်။ ကျောက်မျက်ရတနာတို့မည်သည် သူ့သဘာဝနှင့်သူ၊ သူ့ဓာတ်နှင့်သူ ထူးကဲသော အစွမ်းသတ္တိမျာ းရှိကြသည်။ ထို့ကြောင့်လူတို့အား အကျိုးပြုသော ကျောက်မျက်ရတနာများ၏ အစွမ်းသတ္တိတို့ကို လေ့လာမိသလောက် မျှဝေလိုက်ပါသည်။
၁။ခရမ်းစွဲကျောက်(Amethyts)
ခရမ်းရောင်သန်းနေသော ကျောက်ဖြစ်၏။သစ္စာခိုင်မြဲခြင်း၊မူးယစ်ခြင်းဝေဒနာတို့ကို ကာကွယ်ပေးနိုင်သော အစွမ်းသတ္တိရှိသည်။
၂။ပယင်းကျောက်(Amber)
မျှော်လင့်ထားသည့်အရာမှန်သမျှ ပြီးမြောက်ပြည့်စုံအောင်မြင်နိုင်စွမ်းရှိ၏၊ကြိုးစားမှုရှိလျှင်ရှိသလောက် အောင်မြင်စေသောအစွမ်းသတ္တိရှိသည်။
၃။နဂါးသွဲ့ကျောက်(Blood Stone)
သတ္တိရှိစေ၏။တိုက်ပွဲထွက်သည့်အခါ ဆောင်ထားပါက အောင်မြင်နိုင်၏။ ဒဏ်ရာရပါလျှင်လည်း သွေးအမြန်တိတ်စေ၏။ မမျှော်လင့်သော ဘေးအန္တရယ်၊ ရောဂါကပ်ဆိုးတို့မှ ကင်းလွတ်စေနိုင်သော အစွမ်းသတ္တိရှိ၏။
၄။မျက်ရွဲ(Beryl)
အဝါရောင် သလင်းကျောက်အမျိုးအစားဖြစ်၏။မကောင်းသောသတင်းဆိုး၊ကောလဟာလသတင်းများ မကြားရအောင် ကာကွယ်ပေးနိုင်စွမ်းရှိ၏။
၅။ဂျက်စပါကျောက်(Jaspen)
မိမိပရောဂကြောင့်တစ်ပါးသူအန္တရာယ်မကျရောက်စေရန်အကာအကွယ်ပေး၏။ကုသိုလ်ပြုရာ၌ ထူးခြားထက်မြက်သော ကျောက်အမျိုးအစားဖြစ်၏။
၆။မဟူရာကျောက်(Omyx)
မြွေနှင့်အဆိပ်ရှိသတ္တဝါတို့ဘေးမှ ကာကွယ်ပေးနိုင်စွမ်းရှိ၏။အိမ်ထောင်ရေးသုခကို အပြည့်အဝရရှိစေနိုင်သော ကျောက်အမျိုးအစားဖြစ်၏။
၇။စိန်ကျောက်(Diamond)
မာကြောသောအစွမ်းသတ္တိရှိ၏။အင်အားကိုတောင့်တင်းစေ၏။ရိုးသားဖြူစင်စိတ်ကို ဖြစ်ပေါ်စေနိုင်၏။
စိတ်ဝင်စားစရာကောင်းတဲ့ ကျောက်မျက်ရတနာလေးတွေရဲ့ အကြောင်းကို နောက်ထပ် စုံလင်စွာ ဖော်ပြပေးသွားမှာ ဖြစ်လို့ Gold & Jelly page လေးမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။
Source: wikipedia