ကျောက်မျက်ရတနာဟုဆိုပြောလိုက်သည်နှင့် အဖိုးတန်ပစ္စည်းဖြစ်ကြောင်း လူတိုင်းသိကြပါသည်။ ကျောက်မျက်ရတနာတို့မည်သည် သူ့သဘာဝနှင့်သူ၊ သူ့ဓာတ်နှင့်သူ ထူးကဲသော အစွမ်းသတ္တိများ ရှိကြသည်။ ထို့ကြောင့်လူတို့အား အကျိုးပြုသော ကျောက်မျက်ရတနာများ၏ အစွမ်းသတ္တိတို့ကို လေ့လာမိသလောက် မျှဝေလိုက်ပါသည်။
ပုလဲ(Pearl)
ကျန်းမာရေးကို ကောင်းမွန်စေ၏။မိမိကို ချစ်ခင်သူတွေ ပေါများစေနိုင်၏။
ရွဲကျောက်(Opal)
တူရာသီနှင့်ဗြိစ္ဆာရာသီဖွားများအတွက်သာ ဆောင်ကောင်းသောကျောက်ဖြစ်၏။အဆိုပါရာသီဖွားများအတွက် စိတ်ဓာတ်ကို မြှင့်တင်ပေး၏။အောင်မြင်မှုကို ပို့ဆောင်ပေး၏။(ကျန်ရာသီဖွားများအတွက် အကျိုးသိပ်မရှိလှပါ။)
နီလာ(Sapphire)
ကံကောင်းစေသောကျောက်ဖြစ်၏။ချစ်ခြင်းတရားကို ခိုင်မြဲနိုင်စွမ်းရှိ၏။စိတ်မရှည်မှု၊စိတ်တိုမှုတို့ကို ကွယ်ပျောက်စေနိုင်၏။
မြကျောက် (Emerald)
မျက်စိကို အထူးအားကောင်းစေ၏။ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်၏။မိမိဘက်မှ သစ္စာဖောက်ခဲ့ပါက မြကျောက်၏အရောင်မှာ မှေးမှိန်သွားကြောင်း မှတ်သားရ၏။
ပတ္တမြား (Ruby)
မိတ်ဆွေကောင်းများနှင့်ဆုံစည်းရတတ်၏။ပူပင်သောကဘေးတို့မှ ကင်းဝေးစေ၏။ဆက်ဆံရေးကိုပြေပြစ်ကောင်းမွန်စေသော
ကျောက်အမျိုးအစားဖြစ်၏။
Source: Wikipedia