ဒီနေ့မှာတော့ နေ့နံအလိုက်အချစ်ရေးအခြေအနေများကိုဖော်ပြပေးလိုက်ပါတယ်နော်...
တနင်္ဂနွေ
ချစ်ရတဲ့သူကိုအရမ်းချစ်ပေမဲ့ အနေဝေးနေကြတတ်ပါတယ်။
ချစ်သူက အနိုင်ယူတာမျိုးခဏခဏငိုအောင် စိတ်ညစ်အောင် လုပ်တာမျိုးကြုံရတတ်တယ်။
တနလာၤ
ချစ်သူရဲ့ချော့တာလေးကို နှစ်သက်ပေးမဲ့ ကိုယ်ကလိုက်ပြီး ချော့နေရတဲ့အနေအထားမှာရှိပါတယ်။ မာနကြီးတယ်။
ရည်းစားတစ်ယောက်ကို လွယ်လွယ်မထားတတ်ကျဘူး။
ချစ်ပြီဆို တစ်ဘဝလုံးစာ၊ မုန်းပြီဆိုရင်လည်း သံသရာအဆက်ဆက်ပဲ၊
လမ်းခွဲတဲ့နေရာမှာလည်း ပြတ်သားရက်စက်တတ်တာ နှစ်ယောက်မရှိပါဘူး။
အင်္ဂါ
တယောက်ဆိုတယောက်အပေါ်မှာဘဲ အစွဲအလန်း ရှိနေပါတယ်။
သူအဝေးမှာရှိနေတောင် ပြန်လာဖို့ သတ္တိရှိစွာနဲ့မေတ္တာမပျက်စောင့်မျော်နေတတ်ပါတယ်။
ဗုဒ္ဓဟူး
ကိုယ်ကစကားပြောကောင်းတာကြောင့် စန်းအလွန်ပွင့်သလိုတခါတလေ ကိုယ်ဘဲခံစားရတာပါ၊
သိပ်ချစ်ပြတယ် နောက်ဆုံး ကိုယ်ကဘဲ နောင်တရတယ်။ချစ်သူကြောင့်ငိုခဲ့ရလွန်းလို့ကျလိုက်တဲ့ မျက်ရည်တွေက
ရေအားလျှပ်စစ်ပါထုတ်လို့ရလောက်တယ်။
ကြာသာပတေး
အချစ်စစ်ရဖို့ အချိန်တွေမနည်းရင်းရတတ်ပါတယ်။ စန်းပွင့်ပြီး လူချစ်လူခင်ပေါတယ်။
အသေရရအရှင်ရရချစ်ပြမယ့်သူတွေရှိလို့ ပတ်ဝန်းကျင်ကအားကျရတဲ့သူ ဖြစ်ချင်ရင်ဖြစ်လိမ့်မယ်။
တကယ်တမ်း အချစ်စစ်နဲ့ပက်သက်ရင် ကံနိမ့်တတ်တာ ကိုယ်ကိုယ်တိုင်ပဲသိတယ်။
သောကြာ
ချစ်မယ့်သူတွေပေါမယ်။ ချောမောလှပတဲ့သူတွေဖြစ်ပေမယ့် ရည်းစားဆိုကိုယ်ထက်ပိုချောတဲ့သူ မရတတ်ကြပါဘူး။
ကိုယ်ထက် အသက်ပိုကြီးတဲ့သူတွေကအသေအလဲကြွေခြင်း ခံရတတ်ပါတယ်။ မျက်ရည်အကျလွယ်တယ်။
ကိုယ်ချစ်သူရဲ့မြတ်နိုးမှု အချစ်တွေကိုခံစားရပေမဲ့ ခေတ္တယာယီတော့ ဝေးနေတတ်ကြပါတယ်။
စနေ
ဘယ်လိုနေနေ လှနေတယ်။ ဖျက်ခနဲ ရီလိုက်တာက သူတို့ရဲ့အားသာချက်ပါ၊
အဲ့ဒီအပြုံးကို မြင်လိုက်ရတဲ့သူတိုင်းသေမလို ရှင်မလို ဖြစ်ပြီး ညှို့ချက်ပြင်းတယ်။
လူတစ်ယောက်ကို သိပ်ချစ်ဖူးခဲ့ပေးမယ့် အဲ့ဒီလူက ကိုယ်ကိုဥပေက္ခာပြုခဲ့ခြင်း ခံခဲ့ရဖူးတယ်။
အချစ်ဦးနဲ့လွဲနေပေမဲ့အချစ်စစ်နဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အနေအထားမှာ ရှိပါတယ်။
source: အချစ်ဗေဒင်