လူတိုင်းမှာ ဘယ်သူ့ကိုမှမသိစေချင်တဲ့လျှို့ဝှက်ချက်ဆိုတာ ရှိတတ်ကြပါတယ်နော်။
အဲ့ဒီထဲကမှ မင်မင်က ချစ်သူမိန်းကလေးကို မသိစေချင်တဲ့အမျိုးသားတွေရဲ့
လျှို့ဝှက်ချက်လေးတွေကိုဖော်ကောင်လုပ်ချင်ပါတယ်။
၁။Phobia (တစ်စုံတစ်ခုနဲ့ပက်သက်ပြီးကြောက်စိတ်လွန်ကဲမှု)
မိန်းကလေးတွေပဲကြောက်စိတ်လွန်ကဲမှုဖြစ်တတ်တာမဟုတ်ပါဘူးနော်။
အမျိုးသားတွေလည်းကြောက်တတ်ကြပါတယ်။ဥပမာ-ငယ်ငယ်ကတည်းက
အိမ်မြှောင်ကြောက်တတ်တဲ့ယောက်ျားလေးဟာ အသက်ကြီးလာတဲ့အထိ ကြောက်တတ်နေတုန်းပါပဲနော်။
ဒါပေမယ့် ချစ်သူမိန်းကလေးရှေ့မှာဆိုရင် သူတို့ဟာ Super Hero ကြီးတွေအဖြစ်နေပြီး
သူတို့ရဲ့Phobia ကို ဖုံးကွယ်ထားတတ်ကြပါတယ်။
၂။မိန်းကလေးလှလှလေးတွေမြင်ရင် ငေးတယ်။
အမျိုးသားတွေဟာ အမျိုးသမီးတွေကို ငေးတတ်ကြတာ သဘာဝပါနော်။
သင့်ထက်လှလို့ငေးတာမျိုးမဟုတ်ဘဲဒီတိုင်းငေးတတ်တဲ့သဘာဝကြောင့်လို့လက်ခံပြီး သင်လစ်တဲ့အချိန်
လှစ်ခနဲငေးတာမျိုးတော့ သင့်အနေနဲ့ခွင့်လွှတ်ပေးတတ်ဖို့လိုပါတယ်နော်။
၃။ကလေးဆန်မှု
အမျိုးသားအများစုဟာသူတို့ကိုယ်သူတို့လူကြီးဆန်ဆန်နေတတ်ကြပါတယ်။
ဒါပေမယ့်တချို့အချိန်တွေဆိုရင်တော့ သူတို့ဟာတကယ်ပဲကလေးဆိုးကြီးတွေနဲ့တူနေတတ်ပါတယ်နော်။
ဥပမာ ငါးကင်တော့စားပြီး ငါးဟင်းမစားတာမျိုးပေါ့။ဒါပေမယ့် သင့်ရှေ့မှာဆိုရင်တော့
အဲ့ဒီလိုကလေးဆန်မှုတချို့တလေလေးတွေကိုလည်းဖုံးကွယ်ထားတတ်ကြပါတယ်နော်။
၎။အလှအပကို စိတ်မဝင်စားချင်ယောင်ဆောင်တယ်။
အမျိုးသားတွေဟာ သူတို့ချစ်သူမိန်းကလေးရှေ့မှာဆို အလှအပ မကြိုက်တတ်တဲ့ပုံစံနဲ့နေတတ်ကြပါတယ်နော်။
အမှန်တကယ်က သူတို့လည်း ဆံပင်နဲ့မျက်နှာအသားအရည်လောက်တော့ပုံမှန်ဂရုစိုက်ဖြစ်ကြပါတယ်။
တစ်ခါတစ်လေ သင်သုံးတဲ့ Cosmetic တွေကိုပါ သင့်ချစ်သူအမျိုးသားက သိုဝှက်သုံးတတ်တာမျိုးလည်းရှိတတ်ပါတယ်။
သင့်အနေနဲ့သူ့ကိုခေါင်းလျှော်ရည်ကောင်းကောင်းလေးတွေ၊မျက်နှာသစ်ဆေးကောင်းကောင်းလေးတွေကို
လက်ဆောင်ဝယ်ပြီးပေးကြည့်လိုက်ပါ။သူ့အနေနဲ့ပါးစပ်ကထုတ်မပြောရင်တောင် စိတ်ထဲကနေသင့်ကို
ကျေးဇူးတင်ပြီးပိုချစ်လာမှာသေချာပါတယ်နော်။
ဒါလေးတွေကတော့အမျိုးသားအများစုသူတို့ချစ်သူမိန်းကလေးတွေအပေါ်ဖုံးကွယ်တတ်လေ့ရှိတဲ့
အခြေခံအချက်လေးတွေပါနော်။