သင့်ကိုလက်ထပ်ခွင့်တောင်းတဲ့အချိန်ကစပြီး သင်နဲ့ သင့်ချစ်သူဟာ ငွေကိုဘယ်လိုစီမံပြီး သုံးစွဲသွားကြမယ်၊
ဘယ်သူတွေက အိုခွက်ပန်းကန်တွေ ဆေးကြောသန့်စင်ဖို့ တာဝန်ယူမယ်၊ ကလေးတွေ လိုအပ်မယ်၊ မလိုအပ်ဘူး စတဲ့ ကိစ္စတွေအတွက် ဆွေးနွေးခဲ့ကြပြီး ဖြစ်မှာပါ။
ဒါပေမယ့် လက်မထပ်ခင်မှာ သင်မမေးခဲ့တဲ့ မေးသင့်တဲ့မေးခွန်း ၅ ခုရှိတယ်လို့ နားလည်ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။
- အလုပ်နေရာပြောင်းဖို့ ဆန္ဒရှိသလား။
နောင်အခါ ရရှိလာမယ့် သားသမီးတွေကို ဘယ်လိုနေရာတွေမှာ ပြုစုပျိုးထောင်ချင်ပါသလဲ။
သင့်မျှော်လင့်တောင့်တ အိပ်မက်နေခဲ့တဲ့ အလုပ်အတွက် အခွင့်အရေးရှိတဲ့ နေရာဒေသတွေကို သင့်အမျိုးသားက လိုက်ပါပေးနိုင်မလား ဆိုတာကို ကြိုတင်မေးမြန်း ဆွေးနွေးခြင်းမရှိရင် နောင်မှ ပြဿနာအကြီးအကျယ် တက်သွားနိုင်တယ်လို့ စိတ်ပညာရှင်တချို့က အကြံပေးထားပါတယ်။