ဒီတစ်ခါတော့ဝက်ခြံ ကြောင့်ဖြစ်တဲ့ အမာရွတ်၊အမဲစက် ပျောက်ဖို့ အတွက် အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ ဘယ်လို ကုသမလဲ ဆိုတာပြောပြပေး ချင်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့အာလူး တစ်ခြမ်း၊ ခရမ်းချဉ်သီး တစ်ခြမ်း၊ သံပုရာသီး တစ်စိတ်၊ ပျားရည်တစ်ဇွန်း တို့ ဘဲဖြစ်ပါတယ်။
အရင်ဆုံး ပန်းကန် သန့် သန့် လေးတစ်လုံးထဲကို ပျားရည်တစ်ဇွန်း ၊သံပုရာသီးတစ်စိတ်ကိုညှစ်ထည့်ပါ၊ အားလူး ကိုအခွံခွာပြီး Blendar ဖြင့်ကြိတ်ပြီး အရစ်ညှစ်ပါ။
ခရမ်းချဉ်သီးကိုလဲ အရည်ညှစ်ယူပြီး အားလုံးကို သမအောင် မွှေပါ။
ပြီးရင်တော့ ဇကာလေးနဲ့စစ်ပြီး အရည်ကို ဘဲယူပါ ဂွမ်းစလေးနဲ့ တို့ ပြီး အမဲစက်အမာရွတ်ရှိတဲ့နေရာကို အသားထဲထိဝင်အောင် ပွတ်ပြီးလိမ်းပေးပါ။
မိနစ် ၃၀ လောက်ထားပြီးရင်တော့ မျက်နှာသစ်လို့ ရပါပြီ ။
ပြီးရင်တော့ ကိုယ်သုံးနေကျ skin care လေးလိမ်းပေးရမယ်နော်။
သဘာဝနည်းလမ်းတွေက ချက်ချင်းကြီးပျောက်တာမျိုး မဟုတ်ပေမဲ့တကယ်ထိရောက်တဲ့အတွက် စိတ်ရှည်ရှည် နဲ့ အသုံးပြုဖို့ တော့လိုပါတယ်။
source- beauty best friend