ကဲဒီတစ်ခေါက်တော့ ကိုယ့်သွားလေးတွေ ဖြူဖွေးနေဖို့ အိမ်တွင်းနည်းလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်။
1.Activated Charcol
အခုဈေးကွက်ထဲမှာဆေးလုံးပုံစံလေးတွေနဲ့ထုတ်ထားတဲ့ activated charcol မီးသွေးခဲလေးတွေကို အမှုန့်အနေနဲ့ ရအောင်ခြေပြီးသွားပွတ်တံပေါ်မှာတင်ပြီးသွားတိုက်ပေးရုံပါဘဲ။
2.Powdermilk & Toothpaste
နို့မှုန့်ကတော့ ဈေးထဲမှာလွယ်လွယ်ကူကူနဲ့ရနိုင်ပါတယ်နော်၊ဒီနည်းလေးကတော့ကိုယ့်အိမ်မှာရှိတဲ့ သွားတိုက်ဆေးပေါ်ကိုနှို့မှုန့်အနည်းငယ်တင်ပြီးသွားတိုက်ကြည့်ပါ။
သိသိသာသာဖြူလာပါလိမ့်မယ်။
3.Baking Soda & Lemon juice
သွားပွတ်တံပေါ်မှာ baking soda ကိုထည့်ပြီး သံပုယိုသီးအစက်အနည်းငယ်ချပေးပြီးသွားတိုက်ပါ။ဒီနှစ်မျိုးကသွားကိုဖြူဖွေးစေနိုင်တဲ့အပြင်ဘက်တီးရီးယားတွေကိုလဲသေစေနိုင်ပါတယ်။
4.Sea salt ,lemon juice &toothpaste
သုံးမျိုးလုံးကို ရောပြီးကိုယ့်ရဲ့သွားပေါ်မှာ မိနစ်အနည်းငယ်တိုက်ပြီးခဏထားပေးပြီး ပလုတ်ကျင်းပါ။
5.Lemon juice & water
ရေလက်ဖက်ရည်ဇွန်း ၁ ဇွန်း သံပုယိုသီး လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကိုရောပါ။သွားတိုက်ပြီးလျှင်ရောထားတဲ့ (၃) မျိုးနဲ့ ပလုပ်ကျင်းပါ။
သွားကျဉ်ခြင်း ကိုလဲသက်သာစေနိုင်သလို သွားကိုလဲဖြူဖွေးစေပါတယ်။
အထက်ပါနည်းလမ်းတွေကို တပါတ်လျှင် ၁ ကြိမ်မှ ၂ ကြိမ် အထိလုပ်ပေးနိုင်ပါကလုံလောက်ပါပြီ။