ကဲ ဒီနေ့တော့ ကျန်းမာတဲ့အသားအရေ လေးရဖို့အတွက် သောက်သုံးသင့်တဲ့ Detox Water လေးအကြောင်းကိုပြောပြပေးမယ်နော်။
Detox water ကိုအခုနောက်ပိုင်း လူငယ်တွေ တော်တော်များ များ သောက်သုံးလာကြတာကိုတွေ့ရမှာပါနော်။
အသားအရေလေး လှပ နေစေဖို့ Detox Water ကိုအိမ်မှာဘဲ ပြုလုပ်နိုင်အောင်ပြောပြပေးလိုက်တယ်နော်။
1.ပန်းငရုတ်ပွ ၁ လုံး
2.ရေ ၁ လီတာ
3. မုန်လာဥနီ ၃ လုံး
4.သခွားသီး ၁ လုံး (Medium )
5.သံပုရာသီး ၁ စိတ်
6.ပန်းသီး ၁ လုံး
အားလုံးကို ကြိတ်ပြီး ၃ ရက်လျှင်တစ်ကြိမ်သောက်သုံးပေးပါက အသားအရေလေးက လှပနေစေမှာပါနော်။
ဝိတ်ကျချင်သူတွေအတွက် Detox Water လုပ်နည်းလေးကတော့
1.
သခွားသီး ၁ လုံး
ပူစီနံ ၃ ပင်
ရေ ၁ လီတာ
တို့ကို အနည်းဆုံး ၃ နာရီမှ တစ်ညအထိ ထားပြီးသောက်သုံးနိုင်ပါတယ်။
2.
chia seed (ပင်ပွား) ၁ ဇွန်း
သံပုရာသီး ၁ လုံး
ဂျင်း လက်တစ်တစ်
ရေ ၁ လီတာ
တို့ကိုအနည်းဆုံး ၄ နာရီ မှ တစ်ညအထိ ထားပြီးသောက်သုံး ပေးနိုင်ပါတယ်။
၃ရက်ကိုတစ်ကြိမ် သောက်သုံးပါက တစ်လအတွင်းသသိသာသာ ၀ိတ်ကျပါလိမ့်မယ်။