ဒူးနဲ့ တံတောင်ဆစ်က ဆဲလ်သေတွေကိုဖယ်ရှားနိုင်မယ့်အိမ်တွင်းကုထုံးများ

ဒူးနဲ့ တံတောင်ဆစ်က ဆဲလ်သေတွေကိုဖယ်ရှားနိုင်မယ့်အိမ်တွင်းကုထုံးများ google

အားလုံးပဲမင်္ဂလာပါရှင်။ချစ်တို့ရေ ဖက်ရှင်ရေစီးကြောင်းအရ စကပ်အတို၊ဘောင်းဘီအတိုလေးက ချစ်တို့ရဲ့ခြေတံလေးတွေရဲ့အလှကိုပေါ်လွင်အောင်ထောက်ပံ့ပေးနိုင်မယ့်အရာလေးတွေဖြစ်လာပါတယ်နော်။

 

ဒါပေမယ့်အဆီဂလင်းမရှိတဲ့ဒူးနဲ့တံတောင်ဆစ်တွေကိုမခြောက်သွေ့အောင်ထိန်းသိမ်းပေးဖို့တော့လိုပါတယ်နော်။နေလောင်ခြင်း၊ ဆဲလ်သေတွေကြောင့် အသားအရေ ကြမ်းတမ်းခြင်း၊ ဟော်မုန်း မမျှတခြင်းတို့ကြောင့်

 

မည်းညစ်နေတဲ့ ဒူးတွေတံတောင်ဆစ်တွေကို မည်းညစ်ခြင်းတွေသက်သာစေပြီး နူးညံ့လာစေမယ့်နည်းလမ်းလေးတွေကို Myanmar Wedding Guide ကဝေမျှပေး လိုက်ပါတယ်နော်.

 

1. သခွားသီး

 

ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်တဲ့သခွားသီးမှာ ကြေးချွတ်နိုင်တဲ့အစွမ်းလည်းရှိတာကြောင့် ဒူးနဲ့ တံတောင်ဆစ် တွေမှာ မည်းနေတာကို သက်သာစေပါတယ်။ သခွားသီးက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ရေဓာတ် ပြည့်စေ ပါတယ်။

 

ခပ်ပါးပါးလှီးထားတဲ့ သခွားသီးပြားလေးတွေကို တံတောင်ဆစ်နဲ့ ဒူးမှာ 15 မိနစ် ကြာ ကပ်ထားပေးရပါမယ်နော်။နောက်ပြီးရင်တော့ ရေအေးနဲ့ဆေးလိုက်လို့ရပါပြီ။သခွားသီးရည်နဲ့ သံပရိုသီးရည်ကို ရောလိမ်းပြီး မိနစ်20ကြာ ထားလို့လည်း ရပါတယ်။

 

နေ့တိုင်းပြုလုပ်ပေးရင် ဒူးနဲ့တံတောင်ဆစ်မည်းတာတွေ သက်သာလျော့ပါးလာမှာဖြစ်ပါတယ်။

 

2. သံပရိုသီးနဲ့ မုန့်ဖုတ်ဆိုဒါ

 

ဗီတာမင်C ပါဝင်တဲ့ သံပုယိုသီးဟာ အသားအရေကို ထိန်းသိမ်းပေးပါတယ်။ မုန့်ဖုတ်ဆိုဒါက အသားအရေကို နူးညံ့စေပြီး အမည်းတွေကို ဖယ်ရှားပေးပါတယ်။ သံပုယိုသီးကို နှစ်ခြမ်းခွဲပါ။ သံပုယိုသီးတစ်ခြမ်းစီပေါ်ကို မုန့်ဖုတ်ဆော်ဒါတစ်ဇွန်းစီ တင်ပါ။

 


ဒူးနဲ့တံတောင်ဆစ်တွေကို 1မိနစ်ကြာအောင် ပွတ်ပေးပါ။ 15မိနစ်ကြာထားပြီးရင် ရေနွေးနဲ့ဆေးပါ။ ဒီနည်းလေးကို နှစ်ရက်တစ်ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

 

3. သံလွင်ဆီနှင့်သကြား

 

သံလွင်ဆီနှင့်သကြားက အိမ်တွင်းဖြစ် ကြေးချွတ်ဆေးတွေပါ။ သူတို့က အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ သကြားနဲ့သံလွင်ဆီကို ဆတူရောပါ။ တံတောင်ဆစ်နဲ့ ဒူးကို 5မိနစ်ကြာ နှိပ်နယ်ပေးပါ။

 

တစ်ပတ်တစ်ခါနှိပ်နယ်ပေးရင်တံတောင်ဆစ်နဲ့မည်းဖြင်းတွေကိုသက်သာစေမှာပါနော်။သံလွင်ဆီနဲ့သကြားကို မျက်နှာကြေးချွတ်ရာမှာလည်း သုံးလို့ရပါတယ်။အားလုံးပဲလှပတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။

 

Crd-Hninn Yu San

 

 

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

 

အားလံုးပဲမဂၤလာပါရွင္။ခ်စ္တို႔ေရ ဖက္ရွင္ေရစီးေၾကာင္းအရ စကပ္အတို၊ေဘာင္းဘီအတိုေလးက ခ်စ္တို႔ရဲ႕ေျခတံေလးေတြရဲ႕အလွကိုေပၚလြင္ေအာင္ေထာက္္ပ့ံေပးနိုင္မယ့္အရာေလးေတြျဖစ္လာပါတယ္ေနာ္။

 

ဒါေပမယ့္အဆီဂလင္းမရွိတဲ့ဒူးနဲ႔တံေတာင္ဆစ္ေတြကိုမေျခာက္ေသြ႕ေအာင္ထိန္းသိမ္းေပးဖို႔ေတာ့လိုပါတယ္ေနာ္။ေနေလာင္ျခင္း၊ ဆဲလ္ေသေတြေၾကာင့္ အသားအေရ ၾကမ္းတမ္းျခင္း၊ ေဟာ္မုန္း မမွ်တျခင္းတို႔ေၾကာင့္

 

မည္းညစ္ေနတဲ့ ဒူးေတြတံေတာင္ဆစ္ေတြကို မည္းညစ္ျခင္းေတြသက္သာေစၿပီး ႏူးညံ့လာေစမယ့္နည္းလမ္းေလးေတြကို Myanmar Wedding Guide ကေ၀မွ်ေပး လိုက္ပါတယ္ေနာ္.

 

cum

 

1. သခြားသီး

 

ဗီတာမင္ A နဲ႔ ဗီတာမင္ C ပါဝင္တဲ့သခြားသီးမွာ ေၾကးခြၽတ္နိုင္တဲ့အစြမ္းလည္းရွိတာေၾကာင့္ ဒူးနဲ႔ တံေတာင္ဆစ္ ေတြမွာ မည္းေနတာကို သက္သာေစပါတယ္။ သခြားသီးက ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး အသားအေရကို ေရဓာတ္ ျပည့္ေစ ပါတယ္။

 

ခပ္ပါးပါးလွီးထားတဲ့ သခြားသီးျပားေလးေတြကို တံေတာင္ဆစ္နဲ႔ ဒူးမွာ 15 မိနစ္ ၾကာ ကပ္ထားေပးရပါမယ္ေနာ္။ေနာက္ၿပီးရင္ေတာ့ ေရေအးနဲ႔ေဆးလိုက္လို႔ရပါၿပီ။သခြားသီးရည္နဲ႔ သံပ႐ိုသီးရည္ကို ေရာလိမ္းၿပီး မိနစ္20ၾကာ ထားလို႔လည္း ရပါတယ္။

 

 ေန႔တိုင္းျပဳလုပ္ေပးရင္ ဒူးနဲ႔တံေတာင္ဆစ္မည္းတာေတြ သက္သာေလ်ာ့ပါးလာမွာျဖစ္ပါတယ္။

 

cum11

 

2. သံပ႐ိုသီးနဲ႔ မုန႔္ဖုတ္ဆိုဒါ

 

ဗီတာမင္C ပါဝင္တဲ႔ သံပုယိုသီးဟာ အသားအေရကို ထိန္းသိမ္းေပးပါတယ္။ မုန႔္ဖုတ္ဆိုဒါက အသားအေရကို ႏူးညံ့ေစၿပီး အမည္းေတြကို ဖယ္ရွားေပးပါတယ္။ သံပုယိုသီးကို ႏွစ္ျခမ္းခြဲပါ။ သံပုယိုသီးတစ္ျခမ္းစီေပၚကို မုန႔္ဖုတ္ေဆာ္ဒါတစ္ဇြန္းစီ တင္ပါ။

 

ဒူးနဲ႔တံေတာင္ဆစ္ေတြကို 1မိနစ္ၾကာေအာင္ ပြတ္ေပးပါ။ 15မိနစ္ၾကာထားၿပီးရင္ ေရေႏြးနဲ႔ေဆးပါ။ ဒီနည္းေလးကို ႏွစ္ရက္တစ္ႀကိမ္ျပဳလုပ္ေပးႏိုင္ပါတယ္။

 

cum2

 

3. သံလြင္ဆီႏွင့္သၾကား

 

သံလြင္ဆီႏွင့္သၾကားက အိမ္တြင္းျဖစ္ ေၾကးခြၽတ္ေဆးေတြပါ။ သူတို႔က အသားအေရကို ေရဓာတ္ျဖည့္ေပးၿပီး ဆဲလ္ေသေတြကို ဖယ္ရွားေပးပါတယ္။ သၾကားနဲ႔သံလြင္ဆီကို ဆတူေရာပါ။ တံေတာင္ဆစ္နဲ႔ ဒူးကို 5မိနစ္ၾကာ ႏွိပ္နယ္ေပးပါ။

 

တစ္ပတ္တစ္ခါႏွိပ္နယ္ေပးရင္တံေတာင္ဆစ္နဲ႔မည္းျဖင္းေတြကိုသက္သာေစမွာပါေနာ္။သံလြင္ဆီနဲ႔သၾကားကို မ်က္ႏွာေၾကးခြၽတ္ရာမွာလည္း သုံးလို႔ရပါတယ္။အားလံုးပဲလွပတဲ႔ေန႔ရက္ေတြကိုပိုင္ဆိုင္နိုင္ၾကပါေစရွင္။

 

Crd-Hninn Yu San

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Wednesday, 19 February 2020 16:47
Rate this item
(0 votes)
Tagged under