အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေထဲက အဆီပြန်တဲ့အသားအရည်ပိုင်ရှင်တွေအတွက်
အသားအရေထိန်းသိမ်းနိုင်ဖို့ ရှောင်ရန်၊ဆောင်ရန်နည်းလမ်းလေးတွေကိုဝေမျှပေးချင်ပါတယ်။
အဆီပြန်တဲ့အသားအရေတွေဆိုတာ မျက်နှာပြင်မှာရှိတဲ့ အဆီဂလင်းန်တွေကနေ အဆီအလွန်အကျွံထုတ်လို့ အဆီပြန်ပြီး တောက်ပချောမွေ့မှု အားနည်းနေတတ်ပါတယ်။
နေပူပြီးအပူချိန်များတဲ့ ရာသီဥတုမှာ သိသိသာသာ အဆီပြန်နေတတ်တယ်။မျက်နှာပြင်ပေါ်က ချွေးပေါက်တွေ ကျယ်နေတတ်တယ်။ဝက်ခြံနဲ့ ဆားဝက်ခြံဖုလေးတွေ မကြာခဏပေါက်နေတတ်တယ်။
အဆီပြန်တာကိုသက်သာစေဖို့ မျက်နှာကိုမကြာခဏ ဆေးကြောသန့်စင်တာနဲ့ အဆီပြန်မှာကြောက်လို့ Moisturizer ကို မလိမ်းပဲရှောင်ရှားတာမျိုး မလုပ်သင့်ဖို့ပါပဲ။
ရေဓာတ်ကို အဓိကလိုအပ်တာကြောင့် စေးကပ်မှု ကင်းပြီး water-based moisturizer မျိုးကို ရွေးချယ်အသုံးပြုပေးသင့်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်...
Myanmar Wedding Guide