အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာ Glow Skin လေးကို ငွေကုန်ကြေးကျသက်သက်သာသာနဲ့ ရရှိပိုင်ဆိုင်နိုင်ဖို့
သဘာဝပစ္စည်းလေးတွေနဲ့ ပြုလုပ်လို့ရတဲ့ mask (မျက်နှာကပ်ခွာ) ပြုလုပ်နည်းလေးတွေကို Myanmar Wedding Guide ပရိတ်သတ်တွေအတွက်ဝေမျှပေးချင်ပါတယ်။
အသားအရေအစိုဓာတ်ပြည့်ဝစေမယ့် Moisturizer အတွက်သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်ကိုရောစပ်ပါ။
ပြီးရင်တော့ မျက်နှာပြင်အနှံ့ စက်ဝိုင်းပုံသဏ္ဍာန်အတိုင်းငြင်သာစွာနှိပ်နယ်လိမ်းပေးပါ။15 မိနစ်လောက်ကြာအောင် လိမ်းပေးပြီးပြီဆိုရင်တော့ကြက်သီးနွေးရေလေးနဲ့ဆေးချပေးလိုက်ရုံပါပဲ။
သံလွင်ဆီဟာအသားအရေကိုအစိုဓာတ်ပြည့်ဝစေဖို့ ထောက်ပံ့ပေးနိုင်တဲ့ သဘာဝတစ်ခုဖြစ်ပါတယ်။
သံပုရာရည်မှာတော့ Vitamin C တွေကြွယ်ဝစွာပါဝင်တာကြောင့် မျက်နှာမှာရှိတဲ့ မှဲ့ခြောက်၊တင်းတိပ်နဲ့ဝက်ခြံအမာရွတ်တွေကို လျော့ပါးသက်သာစေပါတယ်။
ဒါကြောင့် ဒီ Mask လေးကို တစ်ပတ်နှစ်ခါလောက်ပုံမှန်ပြုလုပ်ပေးမယ်ဆို သိသာတဲ့ ရလဒ်ကို တစ်လလောက်နေရင် ရရှိလာမှာပါ။
မျက်နှာပေါ်က နီမြန်းရောင်ရမ်းတာတွေ ပျောက်စေဖို့ဆိုရင်တော့ ကြက်ဥအနှစ်ကို သံပုရာရည်နဲ့ ရောစပ်ပြီးလိမ်းပေးပါ။
၁၅မိနစ်လောက်ထားပြီးရင်တော့ ပုံမှန်ရေးအေးနဲ့ပဲ ဆေးချပေးလိုက်ရုံပါပဲနော်။
ဒီMask လေးက ချွေးပေါက်တွေကိုလည်းကျဉ်းစေတာဖြစ်လို့ ချွေးပေါက်ကျယ်နေတဲ့ ညီအစ်မတွေအတွက်လည်း အဆင်ပြေမှာပါ။
အားလုံးပဲလှပတဲ့နေ့ရက်တွေကိုရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။
Tailors စက်ချုပ်ဆိုင်ပေါင်း ၄၄၁၈ ဆိုင်ကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...