လှချင်တဲ့ သူ တော်တော်များများ ယခု Lockdown ကာလ မှာ အိမ်မှာ နေပြီးမီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ မျက်နှာကို သဘာဝ ကျကျ ပေါင်းတင်ဖို့ ကြိုးစားနေကြမှာပါ တကယ်တန်းတော့ ထို Organic Skin Care တွေ မိမိကိုယ်တိုင် လုပ်ဆောင်ခြင်းက အင်မတန်မှ အန္တရာယ်များပါတယ်။
Chemical တွေမထိချင်လို့ ပိုက်ဆံမကုန် ချင်လို့ ဆိုပြီး အိမ်မှာ ရှိတဲ့ မီးဖိုချောင်က အစားအသောက်တွေနဲ့ မျက်နှာပေါ်တင် ပေါင်းတင် ဖူးကြမှာပါ မကြာသေးမီက မှ ထိုသို့ လက်တည့်စမ်းတာ မကောင်းကြောင်း သိလာရတာပါ။
Coffee
Coffee အကြမ်းမှုန့်တွေ ဝယ်တယ် ပျားရည် ဆား သံလွင်ဆီ ဘာညာ ရောပြီး body scrub တွေ face scrub တွေ လုပ်ကြတယ်တကယ်တမ်းက Coffee မှာ သဘာဝ အားဖြင့် အဆိပ်သဘောမျိုးပါတာ ပေါင်း ခံ ပြီး မှ သုံးသင့်ပါတယ်။
မဟုတ်ရင် ဝက်ခြံ တွေပိုထွက်ပြီး အသားခြောက်တတ်ပါတယ် တကယ့် Organic scrub လုပ်ရောင်းသူတွေက ပေါင်းပြီးမှ ရောင်းတာပါ သူတို့ brand ကို အထိ ခိုက်မခံ ကြပါဘူး။ပိုဆိုးတာက တချို့ coffeeတွေအရောင်ဆိုးထားတော့သုံးလိုက်တာ အညိုတွေ စွန်းရော အဲ့တော့ ပိုတောင်ညိုသလို ဖြစ်လာနိုင်ပါတယ်။
သံပုရာသီး
နဂို Acid ပါတာ ခဏ ခဏ သုံးရင်အရည်ပြား ပါး လွှာစေတယ်
နနွင်း
သနပ်ခါးနဲ့ body ကိုတော့ လိမ်းပေးပါ နနွင်းက ထုတ်တဲ့ သူတွေက မသန့်တာများတယ် သဲတွေ မြေမှုန့်တွေပါတာ ချက်စားလို့အဆင်ပြေ ပေမယ့် အစိမ်းလိုက်မျက်နှာပေါ်တင်ရတာ ပိုးမွှားပါလာရင် ဘတ်တီးရီးယားပေါက်ဖွားတတ်ပါတယ်။
ကြက်ဥ
ဝက်ခြံ သမားတွေဆို ပိုဖြစ်စေပါတယ်။မျက်နှာကို အဆီဓာတ်ပိုများစေပြီး အဆီပြန်လွယ်ပါတယ်။
ပျားရည်
ပူစေတယ် ပိုးမွှားမကင်းပါဘူး ၊ မျက်နှာ အဖု အပိန့်တွေထွက်လာ ပါလိမ့်မယ်။
တခြားအသီးအနှံများ နှင့် အပင်များ
ရှင်းရှင်း ပြောရရင် ဆေးဖော် ရင်တောင် အပင်တပင်လုံးမသုံးပါဘူး လိုတဲ့ အစိတ်အပိုင်းသုံးတာ အပင်တွေက ပိုစွမ်းရင် အလုံးလိုက် အပင်လိုက်စားပြီး ဆေးမသောက်ပဲ နေကြ မှာပါ။
Professional organic skin care ထုတ်တဲ့ သူတွေက ဘယ်ဟာ ကောင်းမကောင်း သင်တန်းတွေ တက်ပြီး လက်တွေ့ စမ်းသပ် ထား သူတွေပါ ပြီးတော့သခွားသီး ခရမ်းချဉ်သီးဘာညာ က ဓာတ်မြေ သြ ဇာများ တဲ့ခေတ်မှာကပ်ရတာတကယ်မလွယ်ကူတာပါ
Organic brand တွေထဲဆို Lush ကတော့ သုံးလို့ အကောင်းဆုံးပါ စိတ်လဲ သန့်ရသလို ပြီးစလွယ်လဲ မဟုတ်တော့ အိမ်မှာ ပေါက်တတ်ကရ လျောက်လုပ်နေမည့်အစား စိတ်ချရမည့် Brand တွေသာ ရွေးသုံးပါ။
<<< Zawgyi >>>
သဘာဝ Skin care တွေက မျက်နှာ အသားအရည်ကို ပျက်စီးစေနိုင်
-----------------------
Coffee
သံပုရာသီး
နနွင်း
ကြက်ဥ
ပျားရည်
Ref ; People Magazine