မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံအသီးသီးမှ ဝင်ရောက်လာကြသော နိုင်ငံခြားသားအချို့သည် မြန်မာအမျိုးသမီးများနှင့် ထိမ်းမြားလက်ထပ်ရန်။ တရားရုံးတွင် ကျမ်းကျိန်လွှာများ ပြုလုပ်လေ့ရှိကြပါသည်။
နိုင်ငံခြားသားနှင့် မြန်မာအမျိုးသမီးများ ထိမ်းမြားလက်ထပ်ခြင်း ကျမ်းကျိန်လွှာပြုလုပ်ပေးရန် တင်ပြလာပါက တရားရုံးက
(က) တရားရုံးက ကျမ်းကျိန်လွှာ ပြုလုပ်လိုသူတို့သည် အမှန်တကယ် အကြင်လင်မယားအဖြစ် နှစ်ဦးသဘောတူ ပေါင်းသင်းရန် ရည်ရွယ်၍ ထိမ်းမြားလက်ထပ်လိုခြင်း ဟုတ်/မဟုတ်ကို ခိုင်လုံသည့်အထောက်အထား တင်ပြနိုင်ခြင်း ရှိ/မရှိ၊
(ခ) ကျမ်းကျိန်လွှာပြုလုပ်လိုသူတို့သည် ဗုဒ္ဓဘာသာဝင်များ ဟုတ်/မဟုတ်၊
(ဂ) ထိမ်းမြားလက်ထပ်နိုင်သည့် အရည်အချင်းများနှင့် ပြည့်စုံသူတို့ ဟုတ်/မဟုတ်၊
(ဃ) ကျမ်းကျိန်လွှာတွင် ဖော်ပြချက်များသည် မှန်ကန်ခြင်း ရှိ/မရှိ၊
(င) လိမ်လည်အလွဲပြောဆိုခြင်း၊ ဖြားယောင်းသွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့မရှိဘဲ မိမိတို့၏ သဘောဆန္ဒအလျောက် လွတ်လပ်စွာ သဘောတူကျမ်းကျိန်လွှာပြုလုပ်ခြင်း ဟုတ်/မဟုတ်၊
စသည့်အချက်များကို ရှေးဦးစွာ စီစစ်ဆောင်ရွက်ပေးရပါသည်။
တရားရုံးများက အထက်ပါအချက်များကို စီစစ်ပြီးနောက် သဘောကျ ကျေနပ်မှုရှိပါက ကာယကံရှင် နှစ်ဦးနှစ်ဖက်အား တရားသူကြီးနှင့် သက်သေများရှေ့မှောက်တွင် ကျမ်းကျိန်ဆိုစေ၍
ကျမ်းကျိန်လွှာတွင် ဖော်ပြပါရှိသော အချက်အလက်များ မှန်ကန်ကြောင်း ကတိဝန်ခံချက်လက်မှတ် ရေးထိုးရပါသည်။
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးနှင့် ဗုဒ္ဓဘာသာဝင် နိုင်ငံခြားသားတို့ပြုလုပ်သည့် ထိမ်းမြားမင်္ဂလာ ကျမ်းကျိန်လွှာပြုလုပ်ခြင်းကို သီးခြားမှတ်ပုံတင်စာအုပ်တွင် ရေးသားမှတ်တမ်းတင် လက်မှတ်ရေးထိုးရပါသည်။
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးနှင့် ဗုဒ္ဓဘာသာဝင် နိုင်ငံခြားသားတို့ပြုလုပ်သည့် ထိမ်းမြားမင်္ဂလာ ကျမ်းကျိန်လွာကို ခရိုင်တရားရုံး၊ ခရိုင်တရားသူကြီးကသာ ပြုလုပ်ပေးရပါသည်။
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတစ်ဦးသည် ဗုဒ္ဓဘာသာဝင်မဟုတ်သည့် မြန်မာနိုင်ငံသား (သို့)နိုင်ငံခြားသားဖြစ်သူ အမျိုးသားနှင့် ထိမ်းမြားလက်ထပ်မည်ဆိုပါက
၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေနှင့်အညီသာ တရားဝင် လက်ထပ်နိုင်ပါသည်။
ထိမ်းမြားလက်ထပ်ရာတွင်လည်း အက်ဥပဒေတွင် ပြဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အက်ဥပဒေအရ ခန့်ထားသည့်
(က) တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်တရားလွှတ်တော်။
(ခ) ခရိုင်တရားသူကြီး၊ ခရိုင်တရားရုံး။
(ဂ) မြို့နယ်တရားသူကြီး၊ မြို့နယ်တရားရုံး။
တို့ကသာ ထိမ်းမြားလက်ထပ်ပေးပိုင်ခွင့်ရှိသည်။
ထိမ်းမြားလက်ထပ်ခြင်းသည် ထိမ်းမြားလက်ထပ်သူများ၏ ကိုးကွယ်သည့် ဘာသာအပေါ်တွင် အခြေခံခြင်းဖြစ်သဖြင့်
မြန်မာနိုင်ငံတွင် အထက်ဖော်ပြပါ မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေအပြင်
(က) The Christian Marrriage Act
(ခ) The Special Marriage Act
(ဂ) The Hindu Widow’s Re-marriage Act
(ဃ) The Hindu Law
(င) The Islamic Law
(စ) The Anand Marriage Act
(ဆ) The Parsi Marriage and Divorce Act
စသည့် လူမျိူးနှင့်ကိုးကွယ်သည့်ဘာသာအလိုက်ဓလေ့ထုံးတမ်းဥပဒေများနှင့်ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ပြဌာန်းဥပဒေများလည်းအတည်ဖြစ်လျှက်ရှိပါသည်။
မြန်မာအမျိုးသမီးများနှင့်နိုင်ငံခြားသားများထိမ်းမြားလက်ထပ်သည့်ကျမ်းကျိန်လွှာပြုလုပ်ပေးခဲ့လျှင်စာရင်းပြုစု၍ကျမ်းကျိန်လွှာမိတ္တူနှင့်အတူ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ဥပဒေလုပ်ထုံးလုပ်နည်းဌာနသို့ မပျက်မကွက် ပြန်လည်အစီရင်ခံဖို့လည်းလိုအပ်ပါသည်။
Zawgyi ျဖင့္ဖတ္ရန္...
ျမန္မာႏိုင္ငံသို႔ ျပည္ပႏိုင္ငံအသီးသီးမွ ဝင္ေရာက္လာၾကေသာ ႏိုင္ငံျခားသားအခ်ိဳ႕သည္ ျမန္မာအမ်ိဳးသမီးမ်ားႏွင့္ ထိမ္းျမားလက္ထပ္ရန္။ တရား႐ုံးတြင္ က်မ္းက်ိန္လႊာမ်ား ျပဳလုပ္ေလ့ရွိၾကပါသည္။
ႏိုင္ငံျခားသားႏွင့္ ျမန္မာအမ်ိဳးသမီးမ်ား ထိမ္းျမားလက္ထပ္ျခင္း က်မ္းက်ိန္လႊာျပဳလုပ္ေပးရန္ တင္ျပလာပါက တရား႐ုံးက
(က) တရား႐ုံးက က်မ္းက်ိန္လႊာ ျပဳလုပ္လိုသူတို႔သည္ အမွန္တကယ္ အၾကင္လင္မယားအျဖစ္ ႏွစ္ဦးသေဘာတူ ေပါင္းသင္းရန္ ရည္႐ြယ္၍ ထိမ္းျမားလက္ထပ္လိုျခင္း ဟုတ္/မဟုတ္ကို ခိုင္လုံသည့္အေထာက္အထား တင္ျပႏိုင္ျခင္း ရွိ/မရွိ၊
(ခ) က်မ္းက်ိန္လႊာျပဳလုပ္လိုသူတို႔သည္ ဗုဒၶဘာသာဝင္မ်ား ဟုတ္/မဟုတ္၊
(ဂ) ထိမ္းျမားလက္ထပ္ႏိုင္သည့္ အရည္အခ်င္းမ်ားႏွင့္ ျပည့္စုံသူတို႔ ဟုတ္/မဟုတ္၊
(ဃ) က်မ္းက်ိန္လႊာတြင္ ေဖာ္ျပခ်က္မ်ားသည္ မွန္ကန္ျခင္း ရွိ/မရွိ၊
(င) လိမ္လည္အလြဲေျပာဆိုျခင္း၊ ျဖားေယာင္းေသြးေဆာင္ျခင္း၊ ၿခိမ္းေျခာက္ျခင္းတို႔မရွိဘဲ မိမိတို႔၏ သေဘာဆႏၵအေလ်ာက္ လြတ္လပ္စြာ သေဘာတူက်မ္းက်ိန္လႊာျပဳလုပ္ျခင္း ဟုတ္/မဟုတ္၊
စသည့္အခ်က္မ်ားကို ေရွးဦးစြာ စီစစ္ေဆာင္႐ြက္ေပးရပါသည္။
တရား႐ုံးမ်ားက အထက္ပါအခ်က္မ်ားကို စီစစ္ၿပီးေနာက္ သေဘာက် ေက်နပ္မႈရွိပါက ကာယကံရွင္ ႏွစ္ဦးႏွစ္ဖက္အား တရားသူႀကီးႏွင့္ သက္ေသမ်ားေရွ႕ေမွာက္တြင္ က်မ္းက်ိန္ဆိုေစ၍
က်မ္းက်ိန္လႊာတြင္ ေဖာ္ျပပါရွိေသာ အခ်က္အလက္မ်ား မွန္ကန္ေၾကာင္း ကတိဝန္ခံခ်က္လက္မွတ္ ေရးထိုးရပါသည္။
ဗုဒၶဘာသာဝင္ ျမန္မာအမ်ိဳးသမီးႏွင့္ ဗုဒၶဘာသာဝင္ ႏိုင္ငံျခားသားတို႔ျပဳလုပ္သည့္ ထိမ္းျမားမဂၤလာ က်မ္းက်ိန္လႊာျပဳလုပ္ျခင္းကို သီးျခားမွတ္ပုံတင္စာအုပ္တြင္ ေရးသားမွတ္တမ္းတင္ လက္မွတ္ေရးထိုးရပါသည္။
ဗုဒၶဘာသာဝင္ ျမန္မာအမ်ိဳးသမီးႏွင့္ ဗုဒၶဘာသာဝင္ ႏိုင္ငံျခားသားတို႔ျပဳလုပ္သည့္ ထိမ္းျမားမဂၤလာ က်မ္းက်ိန္လြာကို ခ႐ိုင္တရား႐ုံး၊ ခ႐ိုင္တရားသူႀကီးကသာ ျပဳလုပ္ေပးရပါသည္။
ဗုဒၶဘာသာဝင္ ျမန္မာအမ်ိဳးသမီးတစ္ဦးသည္ ဗုဒၶဘာသာဝင္မဟုတ္သည့္ ျမန္မာႏိုင္ငံသား (သို႔)ႏိုင္ငံျခားသားျဖစ္သူ အမ်ိဳးသားႏွင့္ ထိမ္းျမားလက္ထပ္မည္ဆိုပါက
၁၉၅၄ ခုႏွစ္၊ ဗုဒၶဘာသာဝင္မိန္းမမ်ား အထူးထိမ္းျမားမႈႏွင့္ အေမြဆက္ခံမႈအက္ဥပေဒႏွင့္အညီသာ တရားဝင္ လက္ထပ္ႏိုင္ပါသည္။
ထိမ္းျမားလက္ထပ္ရာတြင္လည္း အက္ဥပေဒတြင္ ျပဌာန္းထားသည့္ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ အက္ဥပေဒအရ ခန႔္ထားသည့္
(က) တိုင္းေဒသႀကီးတရားေရးဦးစီးမႉး၊ တိုင္းေဒသႀကီးတရားလႊတ္ေတာ္၊ ျပည္နယ္တရားေရးဦးစီးမႉး၊ ျပည္နယ္တရားလႊတ္ေတာ္။
(ခ) ခ႐ိုင္တရားသူႀကီး၊ ခ႐ိုင္တရား႐ုံး။
(ဂ) ၿမိဳ႕နယ္တရားသူႀကီး၊ ၿမိဳ႕နယ္တရား႐ုံး။
တို႕ကသာ ထိမ္းျမားလက္ထပ္ေပးပိုင္ခြင့္ရွိသည္။
ထိမ္းျမားလက္ထပ္ျခင္းသည္ ထိမ္းျမားလက္ထပ္သူမ်ား၏ ကိုးကြယ္သည့္ ဘာသာအေပၚတြင္ အေျခခံျခင္းျဖစ္သျဖင့္
ျမန္မာႏိုင္ငံတြင္ အထက္ေဖာ္ျပပါ ျမန္မာဓေလ့ထုံးတမ္းဥပေဒႏွင့္ ၁၉၅၄ ခုႏွစ္ ဗုဒၶဘာသာဝင္မိန္းမမ်ား အထူးထိမ္းျမားမႈႏွင့္ အေမြဆက္ခံမႈအက္ဥပေဒအျပင္
(က) The Christian Marrriage Act
(ခ) The Special Marriage Act
(ဂ) The Hindu Widow’s Re-marriage Act
(ဃ) The Hindu Law
(င) The Islamic Law
(စ) The Anand Marriage Act
(ဆ) The Parsi Marriage and Divorce Act
စသည့္ လူမ်ိဴးႏွင့္ကိုးကြယ္သည့္ဘာသာအလိုက္ဓေလ့ထုံးတမ္းဥပေဒမ်ားနွင့္ထိမ္းျမားလက္ထပ္ျခင္းဆိုင္ရာ ျပဌာန္းဥပေဒမ်ားလည္းအတည္ျဖစ္လွ်က္ရွိပါသည္။
ျမန္မာအမ်ိဳးသမီးမ်ားႏွင့္ႏိုင္ငံျခားသားမ်ားထိမ္းျမားလက္ထပ္သည့္က်မ္းက်ိန္လႊာျပဳလုပ္ေပးခဲ့လွ်င္စာရင္းျပဳစု၍က်မ္းက်ိန္လႊာမိတၱဴႏွင့္အတူ
ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံး၊ ဥပေဒလုပ္ထုံးလုပ္နည္းဌာနသို႔ မပ်က္မကြက္ ျပန္လည္အစီရင္ခံဖို႔လည္းလိုအပ္ပါသည္။