သမင်မျက်လုံးနဲ့ဇင်ယော်တောင်မျက်ခုံးဆိုတဲ့ညွှန်းစကားလေးလိုမိန်းကလေးတစ်ယောက်ရဲ့မျက်နှာအလှအပကို
ပေါ်လွင်အောင်ထောက်ပံ့ပေးနိုင်တဲ့ အရာက မျက်ခုံးပါနော်။
မျက်ခုံးလေးကပုံကျပြီးလှပနေမယ်ဆို တခြားအထွေအထူးအလှပြင်မထားလည်း ကြည့်လို့ကောင်းနေမှာပါ။
ဒါကြောင့် ဒီနေ့မှာ Myanmar Wedding Guide ကနေ ချစ်တို့သဘာဝအတိုင်း မျက်ခုံးမွှေးထူထူလေးနဲ့ လှပစေဖို့
အိမ်တွင်းကုထုံးလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်နော်။
နွားနို့အစိမ်း (ကျိုပြီးသားမဟုတ်) ကိုမျက်ခုံးမွှေးအနှံ့လိမ်းပါ။
မိနစ် ၂၀လောက်ထားထားပြီးရင်တော့ ရေအေးလေးနဲ့ဆေးချပေးရုံပါပဲနော်။
တစ်နေ့ကို ၂ကြိမ်၊နဲ့၂ပတ်တိတိစိတ်ရှည်လက်ရှည်လေးပြုလုပ်ပေးမယ်ဆို ထူထဲလှပတဲ့ မျက်ခုံးမွှေးတစ်စုံကိုပိုင်ဆိုင်နိုင်မှာပါနော်။
တအားခက်ခဲတဲ့ နည်းလမ်းလည်းမဟုတ်လို့ အားလုံးပဲ လိုက်လုပ်နိုင်ကြမယ်လို့ထင်ပါတယ်နော်။