အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာ Myanmar Wedding Guide ပရိတ်သတ်တွေကို Serum ဆိုတဲ့ Cosmetics အကြောင်းလေးဝေမျှပေးချင်ပါတယ်။
Serum ဆိုတာ မျက်နှာကိုဆေးကြောသန့်စင်ပြီးနောက်အသားအရေထဲစိမ့်ဝင်အောင်လိမ်းပေးရတဲ့အရာတစ်မျိုးဖြစ်ပါတယ်။
Serum ဟာအရေပြားအတွင်းပိုင်းထိအလွယ်တကူစိမ့်ဝင်စေတာကြောင့် အသားရောင်ကို ကြည်လင်ဝင်းပစေပါတယ်နော်။
Serum ဟာ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် Moisturizer နဲ့ သဘောသဘာဝချင်း လုံးဝမတူပါဘူး။
Moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုက်ရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။
Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူညံ့စေတာဖြစ်ပါတယ်။
ဒါ့အပြင် serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်တာကြောင့် လူတိုင်းသုံးလို့ရပါတယ်။
serum ထဲမှာ
ရေဓာတ်အခြေခံ(water based serum) နဲ့
အဆီအခြေခံ (Oil based serum)ဆိုပြီး နှစ်မျိုးရှိပါတယ်။
အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိပါတယ်။
anti-aging serumဆိုတာ အသက်အရွယ်ကြောင့်ဖြစ်ပေါ်လာတဲ့အရေးအကြောင်းတွေကိုလျော့ပါးစေဖို့အဓိကသုံးပေးရတာဖြစ်ပါတယ်။
pore tightening serum ကတော့ ဝက်ခြံထွက်သူနဲ့အဆီပြန်သူတွေအတွက်ထုတ်လုပ်ထားတာဖြစ်ပြီး
brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားပဲဖြစ်ပါတယ်။
Reference: today.com
Zawgyi ျဖင့္ဖတ္ရန္...
အားလံုးပဲ မဂၤလာပါရွင္။ဒီေန႔မွာ Myanmar Wedding Guide ပရိတ္သတ္ေတြကို Serum ဆိုတဲ့ Cosmetics အေၾကာင္းေလးေဝမွ်ေပးခ်င္ပါတယ္။
Serum ဆိုတာ မ်က္ႏွာကိုေဆးေၾကာသန္႔စင္ၿပီးေနာက္အသားအေရထဲစိမ့္ဝင္ေအာင္လိမ္းေပးရတဲ့အရာတစ္မ်ိဳးျဖစ္ပါတယ္။
Serum ဟာအေရျပားအတြင္းပိုင္းထိအလြယ္တကူစိမ့္ဝင္ေစတာေၾကာင့္ အသားေရာင္ကို ၾကည္လင္ဝင္းပေစပါတယ္ေနာ္။
Serum ဟာ အစိုဓာတ္ထိန္းေပးႏိုင္ေပမယ့္ Moisturizer နဲ႔ သေဘာသဘာဝခ်င္း လုံးဝမတူပါဘူး။
Moisturizerက အေရျပားအေပၚယံကို ျပင္ပေလထု၊ ရာသီဥတုနဲ႔တိုက္႐ိုက္မထိေအာင္ အလႊာပါးတခုနဲ႔ ကာကြယ္ေပးတဲ့ သေဘာသာျဖစ္တယ္။
Serum ကေတာ့ အေရျပားအတြင္းပိုငိးထိ နက္ရႈိင္းစြာ ဝင္ေရာက္ၿပီး အသားအေရႏူညံ့ေစတာျဖစ္ပါတယ္။
ဒါ့အျပင္ serum က အေရျပားတြန္႔တာကို ကာကြယ္ေပးႏိုင္တာေၾကာင့္ လူတိုင္းသုံးလို႔ရပါတယ္။
serum ထဲမွာ
ေရဓာတ္အေျခခံ(water based serum) နဲ႔
အဆီအေျခခံ (Oil based serum)ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။
အာနိသင္ေပၚမူတည္ၿပီး ထုတ္ထားတဲ့ Serum သုံးမ်ိဳးရွိပါတယ္။
anti-aging serumဆိုတာ အသက္အရြယ္ေၾကာင့္ျဖစ္ေပၚလာတဲ့အေရးအေၾကာင္းေတြကိုေလ်ာ့ပါးေစဖို႔အဓိကသံုးေပးရတာျဖစ္ပါတယ္။
pore tightening serum ကေတာ့ ဝက္ၿခံထြက္သူနဲ႔အဆီျပန္သူေတြအတြက္ထုတ္လုပ္ထားတာျဖစ္ၿပီး
brightening serum ကေတာ့ အေရျပားကို ဝင္းမြတ္ေစတဲ့ အမ်ိဳးအစားပဲျဖစ္ပါတယ္။
Reference: today.com
Myanmar Wedding Guide