အားလုံးပဲ မင်္ဂလာပါရှင်။အခုလက်ရှိမှာဖြစ်ပွားနေတဲ့ Covde-19 ကြောင့် ဈေးကွက်ထဲမှာ လက်သန့်ဆေးရည်တွေဟာ ပစ္စည်းပြတ်တဲ့အထိကိုဖြစ်လာပါတယ်။
ဒါကြောင့် မိမိဘာသာ အိမ်မှာပဲ ပြုလုပ်နိုင်မယ့် လက်သန့်ဆေးရည်ပြုလုပ်နည်းလေးကို Myanmar Wedding Guide ကဝေမျှပေးချင်ပါတယ်နော်။
လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့
(၁) 99% Alcohol ပါဝင်တဲ့ အရက်ပျံ 3/4
(၂) ရှားစောင်းလက်ပတ် Gel 1/4
(၃) tea tree oil (သိူ့မဟုတ်) lavender oil တို့လို Essential oil ၁၀ စက် ၊ Essential oil မရှိဘူးဆိုရင် သံပုရာရည်ကိုအစားသုံးပေးနိုင်ပါတယ်။
ပါဝင်ပစ္စည်းတွေကို ပန်းကန်လုံးအလွတ်တစ်လုံးထဲ ရောထည့်ကာ ဇွန်းတစ်ချောင်းနှင့်မွှေကာခေါက်ပေးပါ။
ရရှိလာတဲ့ လက်သန့်ဆေးရည်ကို အသုံးပြုရလွယ်ကူစေမယ့် ပုလင်းအလွတ်တစ်လုံးထဲကိုထည့်ပြီး အသုံးပြုလို့ရပါပြီနော်။
တစ်နေကုန် Alcohol ပါတဲ့ လက်သန့်ဆေးရည်ကို သုံးရမှာဖြစ်တာကြောင့် ညအိပ်ခါနီး လက်ကိုသေချာဆေးကြောသန့်စင်ပေးပြီးရင်တော့
လက်ကိူ အစိုဓာတ်ဖြည့်ပေးနိုင်တဲ့Cream တစ်မျိုးမျိူးလိမ်းပေးပါနော်။
Reference:healthline.com
Bridal Dress သတို့သမီးဝတ်စုံဆိုင် ဆိုင်ကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
(၃) tea tree oil (သို့မဟုတ်) lavender oil တို့လို Essential oil ၁၀ စက် ၊ Essential oil မရှိဘူးဆိုရင် သံပုရာရည်ကိုအစားသုံးပေးနိုင်ပါတယ်။
လက်ကို အစိုဓာတ်ဖြည့်ပေးနိုင်တဲ့Cream တစ်မျိုးမျိုးလိမ်းပေးပါနော်။
Bridal Dress သတို့သမီးဝတ်စုံဆိုင် ဆိုင်ကိုရှာရန်နှိပ်ပါ။